Friday, August 30, 2013

on Leave a Comment

နေရာတကာ ဂျာနယ် volume 2 . No 2



 အမေရိကန်ရောက် မြန်မာဒုက္ခသည်များ အကြောင်း . 

အလုပ်အကိုင် အခွင့်အလမ်းများ အကြောင်း . 

အမေရိကားအတွေ့ အကြုံများ သတင်းများ စုံလင်စွာ ပါဝင်တဲ့ ..

အမေရိကန်နိုင်ငံ Wisconsin , Miwaukee မြို့ အခြေစိုက် ထုတ်ဝေတဲ့ ဂျာနယ် ဖြစ်ပါတယ် .





on Leave a Comment

Solo Launcher + Themes


next launcher လိုပဲ အရမ်းမြန်ပြီး ပေါ့တဲ့ launcher လေးပါ .. 
theme တွေ ဒေါင်းလုပ်ဆွဲရတာလဲ size သေးတဲ့အတွက် မြန်ပါတယ် .. 
solo launcher ကို install လုပ်ပြီးတာနဲ့ solo setting > apperance > solo themes ကိုသွားပြီး themes တွေကို playstore ကနေတဆင့် ဒေါင်းနိုင်ပါတယ် 
 ပြီးရင် ဒီလမ်းကြောင်းအတိုင်း ပြန်သွားပြီး apply လုပ်လိုက်ရင် ပြီးပါပြီ ..
icon တွေကို ချိန်းချင်ရင်တော့ ပြောင်းချင်တဲ့ icon ကို ဖိထားပြီး edit ကနေတဆင့် ပြောင်းနိုင်ပါတယ် ကျနော့ ဖုန်းမှာတော့ တင်ပြီးပြီ လိုချင်သူများ အောက်မှာ ယူနိုင်ပါတယ် .. 
ကျနော်ဆွဲထားတဲ့ themes တွေပါ ထည့်ပေးလိုက်ပါတယ်ခင်ဗျ .. 





Monday, August 26, 2013

Sunday, August 25, 2013

on Leave a Comment

Next Launcher update

တစ်ကယ်လန်းတဲ့ launcher လေးပါ .. ကိုယ့်ဖုန်းမှာရှိတဲ့ launcher ကသုံးရ လေးနေလို့ အဆင်မပြေရင်တောင် ဒါလေးနဲ့ ဆို မြန်သွားတယ် တစ်ခြား launcher တွေက မမြန်ဘူးဗျ ခု version မှာ စက်လုံးပုံလေး ပြောင်းထားတယ် လန်းတယ်.. . samsaung s advance တစ်လုံးကို GB ကနေ JB မြင့်လိုက်ရော စက်အရမ်း လေးသွားတာ သူ့ launcher ကဆွဲရင် ထစ်ထစ် သွားတယ် .. next launcher နဲ့ သုံးရော ပေါ့နေတာပဲ .. ကျနော်ဖုံးမှာတော့ ထည့်ထားပြီးပီ .. screen shoot ရိုက်ပြထားပါတယ် .. 

  






Friday, August 23, 2013

on Leave a Comment

The Alchemist မြန်မာပြန်

စပိန် သိုးကျောင်းသားတစ်ယောက် ရဲ့ .. အိပ်မက်အရ ရတနာ သိုက် ရှာပုံတော် ခရီးကို ရေးထားတာ ဖြစ်ပါတယ် ..  စိတ်ဝင်စားဖို့ ကောင်းတဲ့ ဒဿန များလည်း ပါဝင်ပါတယ် ထူးဆန်းတဲ့ မှော်ဆရာ .. ကန္တာရ မှာ စစ်ပွဲများ ကြား သွားလာရပုံ .. မှော်ပညာအလောင်း အစား .. အိုအေစစ် .. စသဖြင့် .. ကျနော်ကတော့ ဖတ်ပီး သွားပြီ .. စိတ်ဝင်စားစရာ. ဘာသာပြန် စာအုပ်တစ်အုပ် ဖြစ်ပါတယ် ..




Thursday, August 22, 2013

Saturday, August 17, 2013

Sunday, August 11, 2013

on Leave a Comment

Android ဖုန်းကို system background မှာ ပုံထည့်နည်း

Samsung GT-I9300 မှာတော့ စမ်းသပ် အောင်မြင်ထားပါတယ် .. Huawei ဖုန်းတွေမှာ လုပ်ကြည့်တာ မရဘူးခင်ဗျ ..  ကလိချင်သူများ အတွက် မျှဝေလိုက် ပါတယ်ခင်ဗျ ..

လိုအပ်တဲ့ ဖိုင်တွေကတော့

xposedinstaller

xbackground

ပထမဦးဆုံး .. xposedinstaller ကိုထည့်ထားရပါမယ် xposedinstaller ထည့်နည်းကို အောက်ကလင့်မှာ သွားကြည့်လိုက်ပါ ..

ပြီးရင် xbackground ကို ဒေါင်းလုပ်ဆွဲပြီး install လုပ်ပါ 

xposedinstaller ထဲ ၀င်ပြီး Modules tab မှာ xbackground ကို မှတ်ချက်ပေးပါ Framework tab ကိုပြန်သွားပြီး soft reboot နှိပ်ပါ .. စက် restart ကျပီး ပြန်တက်လာရင် 


background ထဲကိုဝင်ပြီး Holo Dark ကိုနှိပ်ပါ 


use custom image as  background ကို နှိပ်ပါ


select image from gallery မှ ကို ထည့်ချင်တဲ့ ဓါတ်ပုံ ကိုရွေးပါ close နှိပ်ပါ ..


back key နဲ့ နောက် ပြန်ထွက်ပြီး soft reboot ကိုနှိပ်ပါ


ပြီးလျှင် အောက်ပါတိုင်း လန်းနိုင်ပါပြီ ခင်ဗျာ .. 





Friday, August 9, 2013

on 1 comment

Android ဖုန်း notification bar ကို color ပြောင်း မယ်

xposedinstaller ကိုအသုံးပြုပြီး notification ဘားမှာ အရောင် စိတ်ကြိုက်ချိန်းတာ နာရီမှာ စာသားထည့်တာ အရောင်ပြောင်းတာကို tutorial လုပ်ပြသွားမှာ ဖြစ်ပါတယ် .. ကိုယ့်ဖုန်းကို စိတ်ကြိုက် ကလိရင်း လုပ်မိတာလေးတွေကို screen shoot ရိုက်ပီး တင်ပေးတာဖြစ်ပါတယ် ကိုယ်တိုင်စမ်းသပ်ထားတာပါ . စမ်းချင်သူများ စမ်းနိုင်အောင် တင်ပေးတာ ဖြစ်ပါတယ် .. သိသူများ ကျော်သွားပြီး မသိသူများ ဖော်စား နိုင်ကြောင်းပါ ..

လိုအပ်တဲ့ ဖိုင်တွေကို အောက်မှာ ဒေါင်းပါ

Xposedinstaller

WisdomSky-Xploit


Xposedinstaller ကို install လုပ်ပါ Wisdom-Sky Xpolit ကို install လုပ်ပါ . ပြီးရင် xposedinstaller ကိုဖွင့်ပြီး ပုံတွင် အနီရောင်ဝိုင်းပြထားသည့်အတိုင်း install/update ကိုနှိပ်ပါ ပြီးရင် soft reboot ကိုနှိပ် ပြီး ဖုန်း restart ကျပြီးသောအခါ xposed framework ကို install လုပ် တာပြီးပါပြီ


 xposedinstaller ကို ပြန်ဝင်ပြီး Modules ကိုနှိပ်ပြီး ခုနက install လုပ်လိုက်တဲ့ Wisdom-Sky Xpolit ဘေးနားက အကွက်လေးမှာ ပုံတွင် ပြထားသည့်အတိုင်း အမှတ်ချက်လိုက်ပါ framework tab ကို ပြန်သွား ပြီး softreboot လုပ်လိုက်ပါ 


စက်ပြန်တက်လာသောအခါ ပုံတွင်ပြထားသည့်အတိုင်း status bar BG color မှာ လိုချင်တဲ့ အရောင်ချိန်ပါ Change statusbar clock text အောက်က box လေးမှာ #လေးခံပီးတော့ ကိုယ်ရေးချင်တဲ့ စာလုံးရေးပါ ပြီးရင် အောက်နားက save setting ကို တစ်ချက်နှိပ် သူ့အောက်က soft reboot ကိုနှိပ်ပါ . . 

ပုံပါအတိုင်း လန်းနိုင်ပါပြီ ..  

မှတ်ချက် - ဖုန်းအားလုံးကို support လုပ်မလုပ်မသိပါ . GT-I9300 နဲ့ စမ်းထားတာ ဖြစ်ပါတယ် ရတဲ့ဖုန်းမှား comment ရေးခဲ့ရင် တစ်ခြားသူတွေ အဆင်ပြေမှာပါ ..


Thursday, August 8, 2013

on Leave a Comment

Planet Evening New ဂျာနယ် Aug 7


- ဖူကူရှီးမား ဓာတ်ပေါင်းဖို မြေအောက်တွင် ရေဒီယိုဓာတ်သတ္တိကြွ ရေများ စိမ့်ထွက်နေဆဲ
- နောက်ဆုံးနေ့ရက်များ မတိုင်မီ မိဘများ၏ မင်္ဂလာပွဲကို ဂုဏ်ပြုခွင့်ရခဲသည့် ကလေးငယ် ကွယ်လွန်ရှိ
- မန်းနင်း ကျခံရဖွယ်ရှိသည့် ထောင်ဒဏ်ကို နှစ် ၉၀ သို့ လျှော့ချပေးရန် တရားသူကြီးများ သဘောတူ
- တူနီးရှားတွင် အစ္စလာမ်မစ်အစိုးရအား ပြည်သူများက ဆန္ဒပြ
- H7N9 ကြက်ငှက်တုပ်ကွေး လူလူချင်း ကူးစက်နိုင်ကြောင်း ပထမဆုံးအကြိမ် တွေ့ရှိ
- နိုင်ရိုဘီ နိုင်ငံတကာလေဆိပ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား
- ဂီတလောကအစ အခက်အခဲများ ဆယ်လီနာ ဂိုမက်ဇ် ဖွင့်ဟ
- ရာသီဥတု အပြောင်းအလဲနှင့် အကြမ်းဖက်မှုများမြင့်တက်မှု ဆက်နွယ်မှုရှိ
စတဲ့ စိတ်ဝင်စား သိမှတ်ဖွယ်ရာ သတင်းများကို စုစည်းတင်ဆက်ထားပါတယ်



Wednesday, August 7, 2013

on Leave a Comment

Planet Evening Journal Aug 6


 ကမ္ဘာ့ပထမဆုံး ဓာတ်ခွဲခန်းအသားတု ဟမ်ဘာဂါ
- အာဏာသိမ်းရန်ကြံစည်မှုဖြင့် တူရကီစစ်ဦးစီးချုပ်ဟောင်း ထောင်ဒဏ်တစ်သက် ချမှတ်ခံရ
- ကနေဒါတွင် ကလေးနှစ်ဦးအား စပါအုံးမြွေက ရစ်ပတ်ညှစ်သတ်ခဲ့ဖွယ်ရှိ
- ဟီရိုးရှီးမားဖြစ်ရပ် ၆၈ နှစ်တိုင်ခဲ့ပြီ
- အချိန်သိပ်မကျန်တော့သည့် သားငယ်အတွက် ရည်စူးခဲ့သည့် မိဘများ၏ မင်္ဂလာပွဲ
- မိမိစိတ်ကြိုက်နေရာကို နျူကလီးယားဗုံး ကြဲချနိုင်သည့် Nukemap 3D
- American Idol ရာသီသစ်မှာ ဒိုင်လူကြီးအဖြစ် ပြန်လည်မြင်တွေ့ရမည့် ဂျေလု
- BMW တရုတ်စက်ရုံခွဲမှ ထုတ်လုပ်ထားသော ကားများ ပြန်လည်သိမ်းဆည်းမည်
- အပြောင်းအရွှေ့ကိစ္စ ဆွာရက်ဇ်နှင့် လီဗာပူးလ် ထိပ်တိုက်တွေ့မှု အရှိန်မြင့်လာ
- Capital One ဘောလုံးပွဲစဉ် ပရက်စတန်ပရိသတ်များ သောင်းကျန်း စသဖြင့် သတင်းစုံလင်စွာဖြင့်

Tuesday, August 6, 2013

on Leave a Comment

Music Theory မြန်မာလို


 ဂီတသင်္ကေတ (ပဲပင်ပေါက် သင်္ကေတ) ပတ်ကား နုတ်တွေ အကြောင်းကို မြန်မာလို အသေး စိတ် ရှင်းပြ ထားတဲ့ စာအုပ်ပါ .. ဂီတ၀ါဿနာရှင်တိုင်း ဖတ်သင့်တဲ့ စာအုပ် .. မြန်မာမိသားစု forum က Harry Lwin ရေးသားထားတာပါ . ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ် ..


Blogger templates