Showing posts with label tutorial. Show all posts
Showing posts with label tutorial. Show all posts

Sunday, August 11, 2013

on Leave a Comment

Android ဖုန်းကို system background မှာ ပုံထည့်နည်း

Samsung GT-I9300 မှာတော့ စမ်းသပ် အောင်မြင်ထားပါတယ် .. Huawei ဖုန်းတွေမှာ လုပ်ကြည့်တာ မရဘူးခင်ဗျ ..  ကလိချင်သူများ အတွက် မျှဝေလိုက် ပါတယ်ခင်ဗျ ..

လိုအပ်တဲ့ ဖိုင်တွေကတော့

xposedinstaller

xbackground

ပထမဦးဆုံး .. xposedinstaller ကိုထည့်ထားရပါမယ် xposedinstaller ထည့်နည်းကို အောက်ကလင့်မှာ သွားကြည့်လိုက်ပါ ..

ပြီးရင် xbackground ကို ဒေါင်းလုပ်ဆွဲပြီး install လုပ်ပါ 

xposedinstaller ထဲ ၀င်ပြီး Modules tab မှာ xbackground ကို မှတ်ချက်ပေးပါ Framework tab ကိုပြန်သွားပြီး soft reboot နှိပ်ပါ .. စက် restart ကျပီး ပြန်တက်လာရင် 


background ထဲကိုဝင်ပြီး Holo Dark ကိုနှိပ်ပါ 


use custom image as  background ကို နှိပ်ပါ


select image from gallery မှ ကို ထည့်ချင်တဲ့ ဓါတ်ပုံ ကိုရွေးပါ close နှိပ်ပါ ..


back key နဲ့ နောက် ပြန်ထွက်ပြီး soft reboot ကိုနှိပ်ပါ


ပြီးလျှင် အောက်ပါတိုင်း လန်းနိုင်ပါပြီ ခင်ဗျာ .. 





Friday, August 9, 2013

on 1 comment

Android ဖုန်း notification bar ကို color ပြောင်း မယ်

xposedinstaller ကိုအသုံးပြုပြီး notification ဘားမှာ အရောင် စိတ်ကြိုက်ချိန်းတာ နာရီမှာ စာသားထည့်တာ အရောင်ပြောင်းတာကို tutorial လုပ်ပြသွားမှာ ဖြစ်ပါတယ် .. ကိုယ့်ဖုန်းကို စိတ်ကြိုက် ကလိရင်း လုပ်မိတာလေးတွေကို screen shoot ရိုက်ပီး တင်ပေးတာဖြစ်ပါတယ် ကိုယ်တိုင်စမ်းသပ်ထားတာပါ . စမ်းချင်သူများ စမ်းနိုင်အောင် တင်ပေးတာ ဖြစ်ပါတယ် .. သိသူများ ကျော်သွားပြီး မသိသူများ ဖော်စား နိုင်ကြောင်းပါ ..

လိုအပ်တဲ့ ဖိုင်တွေကို အောက်မှာ ဒေါင်းပါ

Xposedinstaller

WisdomSky-Xploit


Xposedinstaller ကို install လုပ်ပါ Wisdom-Sky Xpolit ကို install လုပ်ပါ . ပြီးရင် xposedinstaller ကိုဖွင့်ပြီး ပုံတွင် အနီရောင်ဝိုင်းပြထားသည့်အတိုင်း install/update ကိုနှိပ်ပါ ပြီးရင် soft reboot ကိုနှိပ် ပြီး ဖုန်း restart ကျပြီးသောအခါ xposed framework ကို install လုပ် တာပြီးပါပြီ


 xposedinstaller ကို ပြန်ဝင်ပြီး Modules ကိုနှိပ်ပြီး ခုနက install လုပ်လိုက်တဲ့ Wisdom-Sky Xpolit ဘေးနားက အကွက်လေးမှာ ပုံတွင် ပြထားသည့်အတိုင်း အမှတ်ချက်လိုက်ပါ framework tab ကို ပြန်သွား ပြီး softreboot လုပ်လိုက်ပါ 


စက်ပြန်တက်လာသောအခါ ပုံတွင်ပြထားသည့်အတိုင်း status bar BG color မှာ လိုချင်တဲ့ အရောင်ချိန်ပါ Change statusbar clock text အောက်က box လေးမှာ #လေးခံပီးတော့ ကိုယ်ရေးချင်တဲ့ စာလုံးရေးပါ ပြီးရင် အောက်နားက save setting ကို တစ်ချက်နှိပ် သူ့အောက်က soft reboot ကိုနှိပ်ပါ . . 

ပုံပါအတိုင်း လန်းနိုင်ပါပြီ ..  

မှတ်ချက် - ဖုန်းအားလုံးကို support လုပ်မလုပ်မသိပါ . GT-I9300 နဲ့ စမ်းထားတာ ဖြစ်ပါတယ် ရတဲ့ဖုန်းမှား comment ရေးခဲ့ရင် တစ်ခြားသူတွေ အဆင်ပြေမှာပါ ..


Blogger templates